ကိုယ်ရေးအချက်အလက်မူဝါဒ
ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာ အချက်အလက်များ
Girl-Category Online Shop မှကြိုဆိုပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီသည် မိမိတို့ဖောက်သည်များ၏ ယုံကြည်မှုကို ပထမဦးစွာ စဉ်းစားပြီး၊ ဖောက်သည်များ၏ အရေးကြီးသော ပုဂ္ဂိုလ်ရေး အချက်အလက်များကို ကာကွယ်ရန် အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါမည်။
ဥပဒေ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ
ကျွန်တော်တို့သည် ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကို ကိုင်တွယ်ရသောအခါ ကိုယ်ရေးသတင်းအချက်အလက်များ၏ကာကွယ်စောင့်ရှောက်ရေးအပေါ်အက်ဥပဒေအပါအဝင် ပုဂ္ဂိုလ်ရေးအချက်အလက်များ၏ကာကွယ်မှုအက်ဥပဒေများ, စည်းမျဉ်းစည်းကမ်းများ မူဝါဒများနှင့်အညီ လိုက်နာမည်။
သင့်လျော်သော ဖော်ပြချက်
Customer များ၏ ကိုယ်ရေးအချက်အလက်များကို အခြားကိစ္စရပ်များ၊ မတရားသောနည်းလမ်းများတွင် အသုံးမပြုကြောင်း ကတိပြုပါသည်။
သုံးစွဲမှု၏ ရည်ရွယ်ချက်အား သတိပေးချက်
ကျွန်ုပ်တို့သည် သုံးစွဲမှုရည်ရွယ်ချက်၊ ပူးတွဲအသုံးပြုသူအတိုင်းအတာ၊ စုံစမ်းမေးမြန်းရေးစသည်တို့တွင် လိုအပ်သော အချက်အလက်များအား သတ်မှတ်ခြင်း၊ တရားဝင်ကြေငြာခြင်း များပြုလုပ်ခြင်းများအတွက် Customer များ၏ခွင့်ပြုချက်အားရယူပြီး ကိုယ်ရေးအချက်အလက်များအား သုံးစွဲမည်ဖြစ်ကြောင်း ကြိုတင်၍ တင်ပြအပ်ပါသည်။
အရွယ်မရောက်သေးသူများ၏ ကိုယ်ရေးသတင်းအချက်အလက်များ
အသက်၁၈နှစ်မပြည့်သေးသော အရွယ်မရောက်သေးသူများသည် အုပ်ထိန်းသူ၏ သဘောတူညီချက်ရယူပြီးမှသာလျှင် ကျွနု်ပ်တို့ Site အားအသုံးပြုရမည်။
အရွယ်မရောက်သေးသူများ၏ ကိုယ်ရေးသတင်းအချက်အလက်များအား ကိုင်တွယ်ရန်နှင့်ပတ်သတ်ပြီး အထူးထည့်သွင်းစဉ်းစားပါသည်။
အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှုအစီအမံ
ပေးအပ်ထားသော ကိုယ်ရေးအချက်အလက်များအား သုံးစွဲမှုရည်ရွယ်ချက် အတွင်း၌ တိကျမှန်ကန်သော အချက်အလက်များ ထိန်းသိမ်းနိုင်ရန် ကြိုးစားခြင်း၊ ခွင့်ပြုချက်မရှိပဲ ဝင်ရောက်အသုံးပြုခြင်း၊ မမှန်မကန်ပြုလုပ်မှုများ၊ အချက်အလက်များ ပေါက်ကြားခြင်း၊ ဆုံးရှုံးမှုအစရှိသဖြင့်မှ ကာကွယ်နိုင်ရန်အတွက် လိုအပ်သော၊ သင့်လျော်သော ဘေးကင်းလုံခြုံမှု စီမံခန့်ခွဲမှုအစီအမံများအား ပြုလုပ်ပါမည်။
တိုင်ကြားစာအား တုံ့ပြန်ရန်
ကျွန်ုပ်တို့သည် ရယူထားသော ကိုယ်ရေးအချက်အလက်များနှင့် ပတ်သတ်ပြီး ကာယကံရှင်ထံမှ တိုင်ကြားချက် တစုံတရာ လက်ခံရရှိပါက လျင်မြန်တိကျသော အရေးယူဆောင်ရွက်ခြင်းများအား လုပ်ဆောင်နိုင်စေရန် ကျွန်ုပ်တို့ ကုမ္ပဏီ၏ စနစ်များကို တိုးတက်အောင် လုပ်ဆောင်ပါမည်။
ကိုယ်ရေးအချက်အလက်များအား အတည်ပြုခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်လိုလျှင် ကျွန်ုပ်တို့အား ဆက်သွယ်အကြောင်းကြားပါ။
ကျိုးကြောင်းဆီလျော်သော အတိုင်းအတာအတွင်း လျင်မြန်စွာ ချက်ချင်းတုံ့ပြန်ပါမည်။
Brycen Myanmar Co.,Ltd
ကိုယ်ရေးအချက်အလက်များ စုံစမ်းဆက်သွယ်ရေး စင်တာ
ဆက်သွယ်ရန် – ဒီနေရာကို နှိပ်ပါ