အော်ဒါမှာယူခြင်းအား ပယ်ဖျက်ခြင်း

အော်ဒါမှာယူခြင်း အတည်ပြုပြီး ငွေပေးချေပြီးနောက် မှာယူထားသော အော်ဒါအား ပယ်ဖျက်၍ မရနိုင်ပါ။
ငွေပေးချေမှု မတိုင်မှီတွင် သေချာစွာ စစ်ဆေးအတည်ပြုပြီးမှသာ ၀ယ်ယူပေးပါရန် ကြိုတင် သတိပေးအပ်ပါသည်။

ပြန်လည် လဲလှယ်ခြင်း

Girl Category Online Shopping တွင် စျေးဝယ်ယူရာ၌ ပစ္စည်းလက်ခံရရှိသည့်နေ့မှစ၍ ၇ရက်အတွင်း ပစ္စည်းအားပြန်လည် လဲလှယ်နိုင်ပါသည်။
၇ရက်ကျော်လွန်ပြီးနောက် ပြန်လည်မလဲလှယ်ပေးပါ။

သို့ပါသော်လည်း ပြန်လည်မလဲလှယ်ပေးသော သတ်မှတ်ပစ္စည်းများမှာ
(၁)ကုန်ပစ္စည်းအမှတ်တံဆိပ်တွင် ပြန်လည်မလဲလှယ်ပေးပါဟု သတ်မှတ်ထားသော ပစ္စည်းများ
(၂)အော်ဒါမှာယူခြင်းကြောင့် ပြည်ပမှ တင်သွင်းလာသော ပစ္စည်းများ
(၃)discount ချသော ပစ္စည်းများ
(၄)လက်ဝတ်ရတနာများ၊ အတွင်းခံများ၊ ရေကူးဝတ်စုံ၊ ခြေအိတ်၊ အလှကုန်ပစ္စည်းများ၊ တကိုယ်ရေသုံးပစ္စည်းများ

ပစ္စည်းလက်ခံရရှိလျှင် [တစုံတရာ ပွန်းပဲ့ရာ ချို့ယွင်းချက် ရှိမရှိ] [အော်ဒါမှာယူထားသော အရာနှင့် ကိုက်ညီမှု ရှိမရှိ] အားသေသေချာချာ စစ်ဆေးပေးရန် လိုအပ်ပါသည်။
ပစ္စည်း မှားယွင်းနေခြင်း၊ အနာအဆာ ပါရှိလာခြင်းတို့သာလျှင် ပြန်လည် လဲလှယ်ပေးမည်ဖြစ်ပါသည်။
ပြန်လည်ပေးပို့လိုပါက ကုန်ပစ္စည်းသည် မူလအတိုင်း အထုတ်အပိုး၊ ပါ၀င်သော တံဆိပ်များ၊ အပိုပစ္စည်းနှင့် လက်ဆောင်ပစ္စည်းများ အားလုံးပါ၀င်ရမည်ဖြစ်ပြီး လုံးဝ အသုံးပြုထားခြင်း မရှိရပါ။
တစုံတရာ အငြင်းပွားဖွယ်ရာ ကြုံတွေ့ပါက ကုမ္ပဏီ၏ အဆုံးအဖြတ်သည်သာ အတည်ဖြစ်ပါသည်။

ပြန်လည် လဲလှယ်ခြင်းအား ဆက်လက်လုပ်ဆောင်ရန်

ပစ္စည်းလက်ခံရရှိသည့်နေ့မှစ၍ ၇ရက်အတွင်း ပစ္စည်းသစ်ဖြင့် ပြန်လည် လဲလှယ်နိုင်ပါသည်။
ဥပမာအားဖြင့် မတ်လ၁ရက်နေ့တွင် ပစ္စည်းလက်ခံရရှိလျှင် မတ်လ၇ရက်နေ့အတွင်း လဲလှယ်နိုင်ပါသည်။
Customer Service သို့ဖုန်းဆက်၍
(၁)သင်၏ အော်ဒါနံပါတ်,
(၂)ပြန်လည်ပေးပို့လိုသော ပစ္စည်း,
(၃)ပြန်ပို့လိုသော အကြောင်းအရင်း ကိစ္စ ရပ်များကို ဆွေးနွေးညှိနှိုင်း နိုင်ပါသည်။
Customer Service မှ ပြောကြားသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ပါသည်။
အသေးစိတ်အား Girl Category Online Shop ၏ Customer Service ဌာန ဖုန်းနံပါတ် +95 9 254045384 သို့ဖုန်းဆက် မေးမြန်းနိုင်ပါသည်။