ပေးပို့ခြင်းဆိုင်ရာအချက်အလက်

သင်၏ ကုန်ပစ္စည်းများအား Delivery Service ၏ပစ္စည်းပို့ဆောင်ရေး စနစ်အားအသုံးပြု၍ ပို့ဆောင်မည် ဖြစ်ပါသည်။

ပုံမှန်အားဖြင့် အော်ဒါမှာယူခြင်း ပြီးစီးပြီးနောက် ၂ရက်မှ ၄ရက်အတွင်း ပို့ဆောင်ပေးပါမည်။
ပစ္စည်းအရေအတွက်ပေါ်မူတည်၍ ပစ္စည်းများပို့ဆောင်သည့် ရက်စွဲအပြောင်းအလဲ ရှိနိုင်သည်ကို ကြိုတင်နားလည်ထားရှိရန် လိုအပ်ပါသည်။
အော်ဒါမှာယူခြင်း ပြီးစီးသည့်တိုင်အောင် ပစ္စည်းလက်ကျန်ပြတ်တောက်မှုဖြစ်ပေါ်ပါက သတ်မှတ်ရက်အတွင်း ပို့ဆောင်ပေးနိုင်မည် မဟုတ်ပါ။ ထိုအချိန်တွင် အော်ဒါမှာယူထားခြင်းအား ပယ်ဖျက်နိုင်ပါသည်။
သင်၏နားလည်ပေးမှု သင်၏ပူးပေါင်းဆောင်ရွက်ပေးခြင်းများအတွက် ကျေးဇူးတင်ရှိပါသည်။
မှာယူခြင်းများအား ပြန်လည်စဉ်းစားသုံးသပ်နေခြင်း၊ ထုတ်ပိုးမှုများ အဆင်ပြေစေရန် ဆောင်ရွက်ခြင်းအလို့ငှာ အချိန်နှောင့်နှေးမှု များဖြစ်ပေါ်နိုင်သည်ကို ကြိုတင်နားလည်ထားရှိရန် လိုအပ်ပါသည်။
ပစ္စည်းပို့ဆောင်ပေးမှုများ အလုပ်များသည့်ရာသီ ၊ နှစ်သစ်ကူး အားလပ်ရက်များ ၊ ရာသီဥတုဆိုးရွားမှု များ၊ လမ်းခရီးကြပ်တည်းမှု များ စသဖြင့် နှောင့်နှေးကြန့်ကြာမှုများ ရှိနိုင်သည်ကိုလည်း ကြိုတင်နားလည်ထားရှိရန် လိုအပ်ပါသည်။
Reservation ကြိုတင်မှာယူ၍ ပစ္စည်းဝယ်ယူခြင်းတွင် ပစ္စည်းပို့ဆောင်မှု မတိုင်မီတွင် အချိန်ကြန့်ကြာမှု ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ အော်ဒါမမှာယူမီတွင် ကြန့်ကြာချိန်အား ကြိုတင်၍ မေးမြန်းပေးပါရန် ပန်ကြားအပ်ပါသည်။
ဖြည့်သွင်းသည့် လိပ်စာမှားယွင်းမှုကြောင့်သော်လည်းကောင်း၊ တည်နေရာ အမှန်တကယ်မရှိခြင်းကြောင့်သော်လည်းကောင်း၊ ပစ္စည်းမရောက်ရှိပါက ကုမ္ပဏီဘက်မှ တာဝန်ယူမည်မဟုတ်ပါ။

ပို့ဆောင်ခ ကုန်ကျစရိတ်

သတ်မှတ်ထားသော ပို့ဆောင်ခအား နေရာဒေသပေါ်မူတည်၍ ဝယ်ယူသူမှ ပေးဆောင်ရမည် ဖြစ်ပါသည်။
ဥပမာအားဖြင့်
ရန်ကုန်မြို့တွင်း – 2000ကျပ်
မန္တလေးမြို့တွင်း – 3000ကျပ်

ပစ္စည်းထုတ်ပိုးမှု နှင့် ပတ်သတ်၍

ရိုးရှင်းသော ပစ္စည်းထုတ်ပိုးမှုဖြင့်သာ ပေးပို့မည်ဖြစ်ပါသည်။
လက်ဆောင်ပစ္စည်းပေးအပ်သည့် ပစ္စည်းထုတ်ပိုးမှု ပုံစံဖြင့် မဟုတ်သည်ကို ကြိုတင်နားလည်ထားရန် လိုအပ်ပါသည်။