စည်းမျဉ်းစည်းကမ်းများ
မိတ်ဆက်
Girl-Category Online Shop မှကြိုဆိုပါသည်။ ဤဝက်ဘ်ဆိုဒ်အား စတင်အသုံးပြုရန် ဆုံးဖြတ်ပြီးလျှင် ဖော်ပြပါသဘောတူညီချက်ကို နားလည်လက်ခံနိုင်သည်ဟု ယူဆပါသည်။ စည်းမျဉ်းများကို ကျွန်ုပ်တို့ဘက်မှ အချိန်မရွေးလိုအပ်သလို ပြောင်းလဲနိုင်ပြီး အသုံးပြုသူများသိရှိစေရန် အခါအားလျော်စွာ ဝက်ဘ်ဆိုဒ်တွင်ကြေငြာခြင်းအားဖြင့်လည်းကောင်း၊ မေးလ်ပို့ခြင်းဖြင့်လည်းကောင်း အကြောင်းကြားပါမည်။
ဝက်ဘ်ဆိုဒ်အားအသုံးပြုခြင်း
အဖွဲ့ဝင်၏ကြိုတင်ခွင့်ပြုချက်ရယူစရာမလိုဘဲကုမ္ပဏီမှ site ၏ content ကိုပြုပြင်မွမ်းမံနိုင်မည်ဖြစ်သည်။
အဖွဲ့ဝင် ဆိုသည်မှာ ဖော်ပြပါသဘောတူညီချက်ကို အသိအမှတ်ပြုသူအား ကျွန်ုပ်တို့၏ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ အဖွဲ့ဝင်တစ်ဦးအဖြစ် မှတ်ပုံတင်ပြီး ကျွန်ုပ်တို့မှ လက်ခံသဘောတူညီမှုကို ဆိုလိုပါသည်။
မှတ်ပုံတင်ရာတွင် တိကျမှန်ကန်သော အချက်အလက်များကိုသာ ဖြည့်သွင်းရမည်ဖြစ်ပြီး အပြောင်းအလဲတစ်စုံတရာရှိပါက ချက်ချင်း ပြင်ဆင်ပြောင်းလဲရန် လိုအပ်ပါသည်။
ကိုယ်ပိုင်အကောင့်အချက်အလက်များနှင့် password များကို လုံခြုံစွာ ထိန်းသိမ်းထားရှိရန်မှာ အသုံးပြုသူ၏တာဝန်သာဖြစ်ပါသည်။ ကိုယ်ပိုင်အကောင့်၊ password နှင့်ဆောင်ရွက်ပြုမူသမျှ ကိစ္စအားလုံးမှာ အကောင့်ပိုင်ရှင်တွင်သာ တာဝန်ရှိပါသည်။
အကယ်၍ သင်၏ ခွင့်ပြုချက်မရှိဘဲ သင့်အကောင့် နှင့်password ကို အသုံးပြုခြင်းမျိုး ရှိလာခဲ့လျှင် ကျွန်ုပ်တို့အား အသိပေးရပါမည်။ အထက်ပါဖော်ပြချက်များအား ဆောင်ရွက်နိုင်ခြင်းမရှိခဲ့လျှင် ထိုသို့အလွဲသုံးစားမှု တစ်စုံတရာ ဖြစ်ပေါ်လာပါက ဝက်ဘ်ဆိုဒ်နှင့် တိုက်ရိုက် (သို့) သွယ်ဝိုက် သက်ဆိုင်ခြင်းမရှိ၍ မည်သည့်တာဝန်ယူမှုမျိုးမှ ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။
ပုဂ္ဂိုလ်ရေးအချက်အလက်များ၏ အသုံးပြုမှု
ကျွန်ုပ်တို့ ကုမ္ပဏီသည် ဖောက်သည်များပေးထားသော ပုဂ္ဂိုလ်ရေး အချက်အလက်များကို ရိုသေလေးစားပြီး သီးသန့်လုံခြုံရေးပေါ်လစီများ နှင့် ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေများ၏ စည်းမျဉ်းများပါ ပြဌာန်းချက်များနှင့် အညီ ကိုင်တွယ်ပါမည်။
အသေးစိတ်သိရှိလိုပါက သီးခြားသတ်မှတ်ထားသော ကိုယ်ရေးအချက်အလက်မူဝါဒ တွင်ဖတ်ရှုပါ။
ကုန်စည်ဝယ်ယူမှု
ဤဝက်ဘ်ဆိုဒ်အား အသုံးပြုရာ၌ အဖွဲ့ဝင်အနေဖြင့် အသုံးအဆောင်ကုန်ပစ္စည်းများကိုဝယ်ယူပါက မိမိ၏ကိုယ်ရေးကိုယ်တာအချက်အလက်များအား အကြိမ်ကြိမ်ဖြည့်သွင်းရန်မလိုအပ်ပါ။
သို့ဖြစ်ပါ၍ အဖွဲ့ဝင်မဟုတ်သေးသူများသည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရန် ဤနေရာကို နှိပ်ပါ
ဈေးဝယ်ယူရာတွင် ကုန်သွယ်ခွန်၊ ပစ္စည်းတန်ဖိုး စုစုပေါင်းကျသင့်ငွေကို ပေးချေရန်လိုအပ်သည်။
ပို့ဆောင်ခအား ပစ္စည်းလာပို့သည့်လူထံသို့ပေးချေရမည်ဖြစ်သည်။
ကျသင့်ငွေအား BCash Payment System ကိုအသုံးပြု၍ MPU,Master နှင့် Visa Card စနစ်ဖြင့် ပေးချေနိုင်ပါသည်။
အသေးစိတ်အား ဤနေရာတွင် ဖတ်ပါ
ဤဝက်ဘ်ဆိုဒ်၏ ပြုပြင်ထိန်းသိမ်းရေး
ကုမ္ပဏီသည် ဤဝက်ဘ်ဆိုဒ်အား ကောင်းမွန်စွာ လည်ပတ်နိုင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်စေရန်အတွက် ဖော်ပြပါ ပြဌာန်းချက်အားလုံး သို့မဟုတ် တစိတ်တပိုင်းအား ကြိုတင်သတိပေးခြင်းမရှိပဲ ပယ်ဖျက်နိုင်သည်။
၁။ System ၏စီစဉ်ထားသော ပြုပြင်ထိန်းသိမ်းမှုနှင့် အရေးပေါ်ပြုပြင်ထိန်းသိမ်းမှု ဖြစ်လျှင်
၂။ သဘာဝဘေးအန္တရာယ်များ၊ လျှပ်စစ်မီးပြတ်တောက်သွားခြင်း အစရှိသဖြင့် System အားလည်ပတ်ရန် အခက်အခဲဖြစ်ပေါ်လာလျှင်
၃။ အခြားသောကိစ္စရပ်များကြောင့် System အား ယာယီ Shut down ပြုလုပ်ရန်လိုအပ်လာလျှင်
စီရင်ဆုံးဖြတ်ခြင်း
ဝက်ဘ်ဆိုဒ်၏ စည်းမျဉ်းစည်းကမ်း ဖော်ပြချက်အားလုံးနှင့် စပ်လျဉ်းပြီး အငြင်းပွားစရာ တစ်စုံတစ်ရာပေါ်ပေါက်ပါက တရားဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဤစည်းမျဉ်းစည်းကမ်းများကို မြန်မာနိုင်ငံ၏ စည်းမျဉ်းဥပဒေများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများသည် စတင်အသုံးပြုသူများအားလုံး အကြုံးဝင်ပါသည်။
တစုံတရာ နားမလည်မှုရှိပါက အောက်ပါလိပ်စာအတိုင်း စုံစမ်းမေးမြန်းနိုင်သည်။
Brycen Myanmar Co.,Ltd
E-mail:support@brycenmyanmar.com.mm
business hour : 8:30~17:30 (Sat,Sun,National Holiday off)